ဦးဝီရသူ အချုပ်အနှောင်ကင်းစေဖို့ ထောက်ခံသူတွေ ဆုတောင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဦးဝီရသူ အတွက် အမျိုးသားရေးလှုပ်ရှားသူ သံဃာနဲ့ လူ ရာချီ ရွှေတိဂုံမှာ ဆုတောင်း

အစိုးရရဲ့ ဖမ်းဝရမ်းထုတ်ထားတာ ခံထားရတဲ့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်က အမျိုးသားရေး လှုပ်ရှားသူ ဆရာတော် ဦးဝီရသူ ဟာ ရန်ကုန်တိုင်း တိုင်းသံဃာ့မဟာနာယကရုံးရဲ့ မူလ ဖိတ်ကြားချက် အတိုင်း လာရောက် သြဝါဒ ခံယူဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေ မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ထွက်ခဲ့ပြီး မီဒီယာတွေကလည်း တိုင်းသံဃမဟာနာယကရုံး ရှိရာ ကြားတောရလမ်း ကြေးသွန်းဘုရားကြီး ရှေ့မှာ စောင့်ခဲ့ကြသလို အမျိုးသားရေး လှုပ်ရှားသူတွေလည်း လာရောက်ခဲ့ကြပါတယ်။

မေလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်မှာတော့ ဆရာတော် ဦးဝီရသူ ကြွရောက်လာတာ မရှိလို့ ဝန်းရံသူ သံဃာနဲ့ လူ ပုဂ္ဂိုလ် ရာနဲ့ချီဟာ ရွှေတိဂုံစေတီတော်မှာ ဦးဝီရသူ အတွက် ဆုတောင်း မေတ္တာ ပို့သခဲ့ကြပါတယ်။

“ဗုဒ္ဓသာသနာတော်နဲ့ သံဃာတော်များ ဖိနှိပ်ချုပ်ချယ်ခံရခြင်းက ကင်းဝေးကြပါစေ” ဆုတောင်း အပါအဝင် ဆရာတော် ဦးဝီရသူ အချုပ်အနှောင် ကင်းစေဖို့ ဆုတောင်းခဲ့ကြတဲ့ အကြောင်းကို ရုပ်သံမှာ ကြည့်ရှု နိုင်ပါပြီ။