လေထုညစ်ညမ်းနေတဲ့ တောင်ကိုရီးယား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လေထုညစ်ညမ်းနေတဲ့ တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာ လေထုညစ်ညမ်းမှု အဆိုးဆုံး အခြေအနေမှာရှိနေတဲ့ နိုင်ငံတွေထဲက တနိုင်ငံပါ။

လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်တဲ့ ဝေဒနာတွေကြောင့် နှစ်စဉ် လူ ၁၈၀၀၀ လောက် သေဆုံးလေ့ရှိပါတယ်။

အဲဒီ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ မီးခိုးမြူတွေ ဘာကြောင့် ဖြစ်နေတာလဲဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးငြင်းခုံကြတာ ဆယ်စုနှစ်တွေနဲ့ချီ ရှိနေပါပြီ။

ဒါကြောင့်လည်း အခု ဆိုးလ်မြို့က သိပ္ပံပညာရှင်တွေနဲ့ သုတေသီတွေက လေထုညစ်ညမ်းစေတဲ့ ပြဿနာ အရင်းအမြစ်ကို ဖော်ထုတ်နိုင်ဖို့ လေယာဉ်တစီးနဲ့ လေ့လာနေကြပါပြီ။

ဘီဘီစီက နိုင်ငံတကာ သတင်းဌာနတွေထဲမှာ ပထမဆုံးအနေနဲ့ အဲဒီလေယာဉ်ပေါ်မှာ သတင်းယူခွင့် ရခဲ့ပါတယ်။

ကိုမင်းထက်က ပြောပြပေးမှာပါ။