အမေရိကန် အီရန် တင်းမာမှုနဲ့ ဟော်မုဇ်ရေလက်ကြား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် အီရန် တင်းမာမှုနဲ့ ဟော်မုဇ်ရေလက်ကြား

အီရန်ရဲ့နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဖြစ်နေတဲ့ တင်းမာမှုတွေကို လျှော့ချနိုင်ရေး အတွက် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အီရန်နိုင်ငံက တဟီရန်မြို့တော်ကို ရောက်ရှိလာပါတယ်။

ဂျပန်ဟာ နှစ်နိုင်ငံစလုံးနဲ့ ဆက်ဆံရေး ကောင်းသလို အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေအရ အီရန်နဲ့ကုန်သွယ်မှုတွေကိုလည်း ရပ်နားထားရပါတယ်။ မစ္စတာ အာဘေးဟာ အခု ခရီးစဉ်နဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အတွင်းက အမေရိကန်က အီရန်အပေါ်မှာ ပိတ်ဆို့အရေးယူမှုတွေက ကင်းလွတ်ခွင့်ကို ပြန်လည် ရုပ်သိမ်းခဲ့အပြီး အီရန်ရဲ့ ရေနံတင်ပို့မှုတွေ ထိခိုက်ခဲ့ရတဲ့နောက်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေလည်းယိုယွင်းလာခဲ့ပါတယ်။

အစောပိုင်းကလည်း အီရန်က သူ့ရဲ့ရေနံတင်ပို့မှုတွေကို ရပ်ဆိုင်း ခံရမယ်ဆိုရင် ဟော်မုဇ် ရေလက်ကြားကိုလည်း ဘယ်ရေနံစည်မှ ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဆိုတော့ ဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့ရောင်းဝယ်မှုတွေမှာ ဘယ်လောက် အရေးပါပါသလဲ။

ကိုထက်အောင်က ပြောပြမှာပါ။