အမေရိကန်ကို မသွားကြဖို့ ရာမီးရက်ဇ် မိခင်တိုက်တွန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်ကို မသွားကြဖို့ ရာမီးရက်ဇ် မိခင်တိုက်တွန်း

မက္ကဆီကိုနယ်စပ်ကနေ အမေရိကန်ပြည်ထောင်စုထဲကို ဝင်ဖို့ မြစ်ကိုကူးရင်း သေဆုံးခဲ့ရတဲ့ သားအဖ ပုံထွက်လာခဲ့အပြီးမှာ ဒါနဲ့ပတ်သက်လို့ လူထုရဲ့မကျေနပ်သံတွေ ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ လထဲမှာ နယ်စပ်ကို ဖြတ်ဝင်ဖို့ ကြိုးစား ကြတဲ့ လူပေါင်း ၁ သိန်း ကျော်လောက်ကို တားဆီးနိုင်ခဲ့ပါတယ်။

ဒီခရီးဟာ ကြမ်းတမ်းအန္တရာယ်များပြီး သေဆုံးခဲ့ရတဲ့ အော်စကာ ရာမီးရက်ဇ်နဲ့ သမီးငယ်တို့ဟာ အဲလ်ဆာဗေးဒိုးကနေ ထွက်လာကြတာဖြစ်ပြီး တက္ကဆက်ပြည်နယ်ထဲ ဝင်ဖို့ ရီယို ဂရန်းမြစ်ကို အဖြတ်မှာ သေဆုံးခဲ့တာပါ။ သူ့မိခင်ကတော့ ဘီဘီစီနဲ့တွေ့ဆုံခဲ့ရာမှာ ဒီလို အဖြစ်မျိုး ကြုံမှာကို စိုးရိမ်နေခဲ့တဲ့အကြောင်းနဲ့ တခြားလူတွေလည်း ဒီခရီးကိုမသွားကြဖို့ ပြောလိုက်ပါတယ်။ မရီရီအောင်က ပြောပြမှာပါ။