အိန္ဒိယက သွင်းကုန်ပေါ် အခွန်တိုးကောက်တာ ဘာအတွက်လဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိန္ဒိယက သွင်းကုန်အခွန်တိုးတာ ဘာအတွက်လဲ

အိန္ဒိယ ဟာ ကမ္ဘာပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးမှု အားအကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး ပြည်တွင်း ထုတ်လုပ်မှု တိုးတက်ဖို့ကိုလည်း အားသွန်ကြိုးပမ်းနေပါတယ်။

ပြည်ပက သွင်းကုန်တွေအပေါ်မှာ အခွန်နှုန်းထားတွေ တိုးကောက်ခြင်းအားဖြင့် ပြည်ပ ကုမ္ပဏီတွေဟာ ပြည်တွင်းမှာ ထုတ်လုပ်ဖို့ ကြိုးစားလာလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။

ဒါပေမယ့် ဒါဟာ ကိုယ်ကျိုးစီးပွားကာကွယ်တာပဲ ဖြစ်တယ်ဆိုပြီး အမေရိကန်နဲ့ ဂျပန်တို့က ဝေဖန်ကြပါတယ်။ ဆိုတော့ အိန္ဒိယထဲမှာ လာရောက် လုပ်ကိုင်နေကြတဲ့ပြည်ပ ကုမ္ပဏီတွေ မှာ ထိခိုက်မှုတွေ ရှိလာနေပါသလား။ ကိုဝေဖြိုးက ပြောပြမှာပါ။