ဗစ်တိုးရီးယားအမှုက စွပ်စွဲခံ ကလေးနှစ်ယောက် ကျောင်းကိုမလာဖူးဘူး လို့ တာဝန်ခံငြင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗစ်တိုးရီးယားအမှုက စွပ်စွဲခံ ကလေးနှစ်ယောက် ကျောင်းကိုမလာဖူးဘူး လို့ တာဝန်ခံငြင်း

နေပြည်တော်က Wisdom Hill မူကြိုကျောင်းမှာ အသက် ၃ နှစ်အရွယ် ကျောင်းသူလေး အဓမ္မအကျင့်ခံရမှုနဲ့ ပတ်သက်လို့ အဲဒီ ဗစ်တိုးရီးယားလို့လူတွေ နာမည်ပေးထားတဲ့ သမီးလေးဘက်က လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ ဝင်းကိုကိုသိန်း ခေါ် သက္ကမိုးညိုကို ပျဉ်းမနား မြို့နယ် ရဲတပ်ဖွဲ့မှူးက အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ ဃ နဲ့ အမှုဖွင့်လိုက်ပါတယ်။

လောလောဆယ်တော့ သူ့ကို အာမခံနဲ့ လွှတ်ထားပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ လောလောဆယ် မှာတော့ သံသယတရားခံအဖြစ် ယာဉ်မောင်း ကိုအောင်ကြီးကို သက်ငယ်မုဒိမ်းမှုနဲ့ စွဲချက်တင်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ တခြားသံသယရှိသူတွေလည်း စစ်ဆေးသင့်တယ်လို့ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန်ပြန့် ထောက်ပြကြတာတွေ ရှိပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကို ဘီဘီစီ သတင်းထောက် ကိုအောင်သူရက တွေ့ဆုံမေးမြန်းထားပါတယ်။

ဆက်စပ် အကြောင်းအရာများ