ဗစ်တိုးရီးယား အမှုမှာ ကူညီပေးသူနဲ့ ဘီဘီစီတွေ့ဆုံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗစ်တိုးရီးယား အမှုမှာ ကူညီပေးသူနဲ့ ဘီဘီစီတွေ့ဆုံ

နေပြည်တော် Wisdom Hill မူကြိုကျောင်း က အသက် သုံးနှစ် အရွယ် မိန်းခလေး လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရမှု အတွက် မနက်ဖန် ကျရင် ဒုတိယ အကြိမ် တရားရုံးမှာ စစ်ဆေး ကြဖို့ ရှိပါတယ်။

ဒီ အမှုနဲ့ ပတ်သက်လို့ မိသားစုဝင်တွေ ဘက် က မေးခွန်းတွေလည်း ရှိနေပါတယ်။

Victoria လို့ နာမည်ဝှက် ခေါ်ကြတဲ့ ကလေးငယ် ဆီ က ရရှိခဲ့တယ် ဆိုတဲ့ DNA ဟာ ပျက်သွား ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဘက်က ပြောခဲ့ပါတယ်။

DNA တကယ်ပဲ ပျက်သွားခဲ့တာလား။ မိန်းခလေးငယ် ပြောတဲ့ ဆရာမ နှင်းနု သိတယ် ဆိုတဲ့ စကား ကို ရော ဘယ်လောက် အထိ စစ်ဆေး ခဲ့သလဲ ဆိုတာ မိသားစုဝင်တွေက သိချင်နေပါတယ်။

ဒီအကြောင်း သိရအောင်လို့ ဒီအမှု ကို လိုက်ပါ ကူညီ ပေးနေပြီး Victoria လေးတို့ မိသားစုရဲ့ မိတ်ဆွေ ဆရာဝန် ဒေါက်တာ ဝင်းကိုကိုသိန်း ကို ကိုငြိမ်းချမ်းအေး က တွေ့ဆုံ မေးမြန်း ထားပါတယ်။ မိသားစုရဲ့ သဘောတူ ခွင့်ပြုချက်နဲ့အတူ အခုလို တွေ့ဆုံမေးမြန်းခြင်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။