ဟောင်ကောင်မှာ အကြမ်းဖက်မှုတွေ ဖြစ်အောင် အနောက်အုပ်စုတွေ မြှောက်ပေးနေလို့ တရုတ်ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟောင်ကောင်မှာ အကြမ်းဖက်မှုတွေ ဖြစ်အောင် အနောက်အုပ်စုတွေ မြှောက်ပေးနေတယ်လို့ တရုတ်ပြော

ဟောင်ကောင်မှာ အကြမ်းဖက်မှုတွေ တောက်လျှောက်ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံက ဟောင်ကောင်အရေး တိုက်ရိုက်၀င်စွက်ဖက်တဲ့ အနေအထားအထိ မရောက်သေးပေမယ့် ဒီအကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ဒါဟာ ဟောင်ကောင်ကို တရုတ်ပြည်လက်ထဲ ၁၉၉၇ ခုနှစ်က ပြန်လည်လွှဲပြောင်းပေးပြီးနောက်ပိုင်း ဟောင်ကောင်အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ကျင်းပတဲ့ ပထမဆုံး အရေးကြီး သတင်းစာ ရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ အကြမ်းဖက်မှုတွေဟာ အစွန်းရောက် သမားတချို့နဲ့ အနောက်နိုင်ငံတွေရဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုတွေကြောင့်လို့လည်း တရုတ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ကိုအောင်သွင်က ဆက်ပြောပြမှာပါ။