အစ်ဒ်လစ်ဘ် မှာ လူနေဒေသတွေပါ တိုက်ခိုက်ခံနေရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစ်ဒ်လစ်ဘ်မှာ လူနေတဲ့နေရာတွေပါ တိုက်ခိုက်ခံနေရ

ဆီးရီးယား က အစ်ဒ်လစ်ဘ် မြို့မှာ လေကြောင်းက တိုက်ခိုက်ခံရလို့ ပြိုပျက်ခဲ့ရတဲ့ ထပ်မြင့် အဆောက်အအုံတလုံးပေါ်မှာ မိန်းကလေးငယ် တဦးက သူ့ညီမလေး အောက်ကို ပြုတ်မကျဖို့ ဆွဲနေခဲ့တဲ့ ပုံထွက်လာခဲ့အပြီးအဲဒီက အခြေအနေတွေကို ကမ္ဘာက ပြန်လည် အာရုံစိုက်လာ ပြန်ပါတယ်။

အခုတော့ အဲဒီ ကလေးတွေရဲ့ဦးလေး ဖြစ်သူက ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့ပါတယ်။

အစ်ဒ်လစ်ဘ်ပြည်နယ်ဟာ သူပုန်တွေရဲ့ နောက်ဆုံးအမာခံ ဒေသလို ဖြစ်နေတာကြောင့် ရုရှားက ထောက်ပံ့ပေးထားတဲ့ အစိုးရတပ်တွေက ထိုးစစ်အရှိန်ကို ပိုတိုးမြှင့်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးဌာန အကြီးအကဲက ဒီလုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဒမတ်စကပ်စ်ကိုရော မော်စကိုကိုပါ ရှုတ်ချခဲ့ပါတယ်။

မရီရီအောင်က ပြောပြမှာပါ။