ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ဝင်နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ဝင်နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း

မြန်မာစစ်တပ်ပိုင်စီးပွားရေး၊ စစ်တပ်နဲ့ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ဖို့ တောင်းဆိုထားတဲ့ အစီရင်ခံစာအပြင် နောက်ထပ်အစီရင်ခံစာ နှစ်ခုကိုလည်း မကြာမီ ထပ်ထုတ်ဖို့ ရှိပြီး ဒီအစီရင်ခံစာတွေကို လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးဖို့ တင်ပြသွားမယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က ဘီဘီစီကို ပြောပါတယ်။

ဒီအစီရင်ခံစာ မထုတ်ပြန်ခင် အစီရင်ခံစာ မူကြမ်းကို မြန်မာအစိုးရထံ ပို့ခဲ့ပေမယ့် ဘာမှ မတုံ့ပြန်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ဝင်တဦးလည်း ဖြစ်၊ လူ့အခွင့်အရေး ကျွမ်းကျင်သူလည်း ဖြစ်တဲ့ ခရစ္စတိုဖာ ဒေါမနစ် စီဒိုတီကို ဘီဘီစီအကြီးတန်း သတင်းထောက် ကိုစောရန်နိုင်က သီးသန့်ဆက်သွယ် မေးမြန်းထားပါတယ်။