ဒိုင်နိုဆော ရုပ်ကြွင်း ရှာပုံတော်သစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒိုင်နိုဆော ရုပ်ကြွင်း ရှာပုံတော်သစ်

မန်ချက်စတာ တက္ကသိုလ်နဲ့ သဘာဝသမိုင်းပြတိုက်က သိပ္ပံပညာရှင်တွေက Wyoming ပြည်နယ်ထဲမှာ ၁ စတုရန်းမိုင် အကျယ်ရှိတဲ့ ဧရိယာအတွင်း Mission Jurassic လို့ အမည်ပေးထားတဲ့ ဒိုင်နိုဆော ရုပ်ကြွင်း တူးဖော်ရှာဖွေမှုတွေလုပ်နေကြပါတယ်။ ဒါဟာ ဆယ်စုနှစ်များစွာအတွင်းမှာ ဗြိတိသျှ တွေရဲ့ ပထမဆုံး ဒိုင်နိုဆော ရှာဖွေဖော်ထုတ်ရေး လုပ်ငန်းကြီး တခုလည်းဖြစ်ပါတယ်။

သူတို့တွေဆီမှာ တိရစ္ဆာန်မျိုးစိတ် တဒါဇင်ကျော်ကို တွေ့ထားပြီး ဖြစ်ပေမယ့် နှစ် သန်း တရာကျော်က ဒိုင်နိုဆောလည်း ရှိနေလိမ့်မယ်လို့ ယုံကြည်ပြီးရှာနေကြတာပါ။သူတို့နဲ့အတူ ဘီဘီစီက လိုက်ပါလေ့လာခွင့်ရခဲ့ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။