ဆီးရီးယားစစ်ပြေးဒုက္ခသည်တွေကို တူရကီပြန်လွှတ်နေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားစစ်ပြေးဒုက္ခသည်တွေကို တူရကီပြန်လွှတ်နေ

တူရကီမှာ ဆီးရီးယား စစ်ပြေးဒုက္ခသည်ပေါင်း ၃. ၆ သန်းကို လက်ခံထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ဒီဒုက္ခသည်တွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲ တာတွေရှိပါတယ်။

အစ္စတန်ဘူလ်က ထုတ်ပေးထားတဲ့ ဆီးရီးယားစစ်ပြေးဒုက္ခသည် သက်သေခံကဒ်ပြား မရှိတဲ့လူတွေကိုလည်း တူရကီက တခြားဒေသတွေဆီကို အင်္ဂါနေ့ နောက်ဆုံး ထားပြီး ရွှေ့ပြောင်းခိုင်းနေကြပါတယ်။

အစ္စတန်ဘူလ်က သတင်းထောက် မာ့ခ် လိုဝင်ကတော့အဲဒီလူတွေကိုဆီးရီးယား စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဆီ ရွှေ့ခိုင်းနေကြတယ်လို့ဆိုပါတယ်။

ကိုထက်အောင်က ဆက်ပြောပြမှာပါ။