၂၀၂၀ မှာ အာကာသခရီးတွေ စပို့ပေးမယ်လို့  ဗာဂျင်ဂလက်တစ်ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

၂၀၂၀ မှာ အာကာသခရီးတွေ စပို့ပေးမယ်လို့ ဗာဂျင်ဂလက်တစ်ပြော

လာမယ့် ၂၀၂၀ အကုန်မှာ လူတွေကို အာကာသထဲ စီးပွားဖြစ် ပို့ဆောင်ပေးနိုင်တော့မယ်လို့ ဗာဂျင်ဂလက်တစ်ကုမ္ပဏီရဲ့ အကြီးအကဲသစ်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ က ဒီစီမံကိန်းတွေ အတွက်အာကာသယာဉ် စမ်းသပ်ရင်း ပျက်ကျပြီး ယာဉ်မှူး သေဆုံးခဲ့ရတဲ့ အဖြစ် အပျက်နဲ့ ကြုံခဲ့ရဖူးပါတယ်။ နောက်ပြီး ဒီစီမံကိန်းနဲ့ ခရီးစဉ်တွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာမလဲ ဆိုတာနဲ့ပတ်သက်လို့လည်း မေးခွန်းတွေ ရှိနေပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။