ရခိုင်ပြည်နယ်ရောက် ဘီဘီစီ သတင်းထောက်ရဲ့ တွေ့ရှိချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရခိုင်ပြည်နယ်ရောက် ဘီဘီစီ သတင်းထောက်ရဲ့ တွေ့ရှိချက်

လွန်ခဲ့တဲ့ ၂ နှစ်က ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ လက ပြန်လာစေဖို့ ခေါ်ယူခဲ့ကြပေမယ့် တယောက်မှ ပြန်မလာ ခဲ့ကြပါဘူး။

မြန်မာ အစိုးရ ဘက်ကတော့ ဒီဒုက္ခသည်တွေကို ပြန်ခေါ်နိုင်ဖို့ ကြိုးစား နေတယ်လို့ ပြောထားပါတယ်။ ဘီဘီစီသတင်းထောက် ဂျွန်နသန် ဟက်ဒ်ကတော့ အဲဒီ ရခိုင်ပြည်နယ်ထဲက

ထွက်သွားခဲ့သူတွေ နေထိုင်ခဲ့ဖူးတယ်ဆိုတဲ့ နေရာတွေကို အာဏာပိုင်တွေက အထောက်အထား မကျန်တော့လောက်အောင် အစဖျောက်လိုက်တယ်လို့ ပြောပါတယ်။ အဲဒီ နေရာကို ရောက်သွားခဲ့တဲ့ ဂျွန်နသန်ဟက်ဒ်က အခုလို သတင်းပေးပို့ထားပါတယ်။