လူမှုရေး အကူအညီတွေ လိုအပ်နေတဲ့ ယီမင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လူမှုရေး အကူအညီတွေ လိုအပ်နေတဲ့ ယီမင်

ယီမင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြတယ်လို့ ကုလသမဂ္ က ပြောပါတယ်။ အဲဒီမှာ လူသားချင်းစာနာမှု အကူအညီတွေလည်း မရနိင်ဖြစ်နေပါတယ်။ ယီမင် သမ္မတ ဟာဒီ ကို ထောက်ခံတဲ့ ဆော်ဒီနဲ့ ညွန့်ပေါင်း တပ်တွေ၊ သူတို့ကို ထောက်ပံပေးနေတဲ့ အမေရိကန်နဲ့ ယူကေတို့ က အီရန်က ထောက်ပံ့နေတဲ့ ဟူသီ သူပုန်တွေကို တိုက်ခိုက်နေကြတဲ့ ပြည်တွင်းစစ်ဟာ ၄ နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဟူသီတွေက ဆာနာ မြို့တော်အပါအဝင် နယ်မြေတချို့ကို သိမ်းပိုက်ထားပြီးလည်း ဖြစ်ပါတယ်။ ယီမင် က ဟူဒေတာ ဆိပ်ကမ်း ဟာ ဆိုရင်လည်း အကူအညီပေးရေး ပစ္စည်းတွေ နဲ့ ဆေးဝါးတွေ တင်သွင်းဖို့ အဓိက ကျပါတယ်။ အဲဒီကို ရောက်နေတဲ့ ဘီဘီစီ အာရပ်ဌာနက အထူးသတင်းထောက် နဝါလ်အဲလ် မာဟာဖီ ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။