တောရိုင်းကြီးကို ဖြတ်ပြီး အမေရိကန်ကို လာကြသူများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောရိုင်းကြီးကို ဖြတ်ပြီး အမေရိကန်ကို လာကြသူများ

အမေရိကန်ပြည်ထောင်စုကိုလာနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေထဲမှာ အလယ်အမေရိက နိုင်ငံတွေက လူတွေတင်မက တော့ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ လကစလို့ အာဖရိကက လူပေါင်း ၃၅၀၀ လည်း နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပါတယ်။

အဲဒီထဲမှာ ပြင်သစ်စကားပြော အစိုးရနဲ့ အင်္ဂလိပ်စကားပြောတဲ့ခွဲထွက်ရေး သမားတွေအကြား တိုက်ပွဲတွေကနေ ပြေးလာကြတဲ့ ကင်မရွန်းကလူတွေလည်းအများစု ဖြစ်ပါတယ်။

ဒီလို အမေရိကန်ပြည်ထောင်စုထဲ ကို ဝင်ရောက်ဖို့ အတွက် ဒေသတွင်း တခြား နိုင်ငံတွေထက် ဗီဇာလိုအပ်ချက် နည်းတဲ့ အက်ကွေဒေါနဲ့ ဘရာဇီးကို အရင်ရောက်အောင် လာကြရတာဖြစ်ပါတယ်။ အဲဒီ အမေရိကန် ပြည်ထောင်စုဆီ လာရတဲ့ လမ်းခရီးတလျှောက်မှာ အန္တရာယ် အများဆုံးကတော့ ကိုလံဘီယာနဲ့ ပနာမား အကြားက ဒါရီယန်တောကြီးပဲဖြစ်ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။