အာဖဂန် စစ်ပွဲအတွင်း သေဆုံးသူ အရင်တွက်ဆထားတာထက် ပိုများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာဖဂန် စစ်ပွဲအတွင်း သေဆုံးသူ အရင်တွက်ဆထားတာထက် ပိုများ

အာဖဂန်နစ္စတန်နိုင်ငံမှာ ၁၈ နှစ်ကြာ ဖြစ်ပွားနေတဲ့ စစ်ကြီး အဆုံးသတ်ဖို့ အမေရိကန်နဲ့ တာလီဘန်လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ သြဂုတ်လကုန်ပိုင်းက ပျက်ပြားခဲ့ပြီးတဲ့နောက် အာဖဂန်နစ္စတန်မှာ အကျပ်အတည်းသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

တွေ့ဆုံညိနှိုင်းမှုတွေ နောက်ဆုံးလုပ်ခဲ့တဲ့ သတင်းပတ်တွေမှာ နိုင်ငံတွင်း ပဋိပက္ခတွေကြောင့် သေဆုံးသူဘယ်လောက်ရှိလဲဆိုတာ ဘီဘီစီက စုံစမ်းသတင်းယူခဲ့ပါတယ်။

ဘီဘီစီက ရရှိထားတဲ့ အချက်အလက်တွေအရ သြဂုတ်လအတွင်း သေဆုံးသူဦးရေဟာ စံချိန်တင်လောက်အောင်ကို များခဲ့ပါတယ်။

ဒီစစ်ပွဲအတွင်း သေဆုံးသူ ဦးရေဟာ အရင်တွက်ဆထားတာထက် ပိုများပြီး နိုင်ငံအတွင်းက နေရာတိုင်းလိုလိုမှာ အဲဒီလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာကိုလည်း တွေ့ရပါတယ်။

ဒါဆို သေဆုံးသူ ဘယ်လောက်များများ ရှိပါသလဲ။ သြဂုတ်လ တလထဲမှာတင် လူပေါင်း ၂၃၀၇ ဦး သေဆုံးခဲ့တာကို ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပျမ်းမျှ တရက်ကို လူပေါင်း ၇၄ ဦး သေဆုံးတဲ့ သဘောပါ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပေမယ့်လည်း သေဆုံးသူတွေထဲက တဝက်လောက်ဟာ တာလီဘန်လက်နက်ကိုင်တွေ ဖြစ်တယ်ဆိုတာကိုလည်း ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒေသခံတွေကိုလည်း ထိခိုက်မှု ရှိခဲ့ပြီး လူပေါင်း ၄၇၃ ယောက် သေဆုံးခဲ့တာကို တွေ့ရပါတယ်။

လူအသေအပျောက် အတော်လေးများခဲ့တဲ့ အာဖဂန်စစ်ပွဲအကြောင်း ဘီဘီစီနိုင်ငံတကာ သတင်းထောက်ချုပ် လိစ်ဒ် ဒူးဆက်ရဲ့ သတင်းကို မစန္ဒာဝင်းက ပြန်ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ