ဆော်ဒီရေနံမြေကို ပစ်ခတ်တာ အီရန်ဘက်ကလို့ အမေရိကန်ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆော်ဒီရေနံမြေကို ပစ်ခတ်တာ အီရန်ဘက်ကလို့ အမေရိကန်ပြော

အီရန်အပေါ် တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန် ဘဏ္ဍာရေးဌာနကို ညွှန်ကြားခဲ့တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဆော်ဒီဘက်က ရေနံမြေတွေကို အီရန်ဘက်က ပစ်ခတ်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ နေရာတွေကို အတိအကျ သိထားပြီဖြစ်တယ်လို့ အမေရိကန်က ပြောပြီး နောက်ပိုင်း သမ္မတ ထရမ့်က အခုလို ပြောဆိုခဲ့တာပါ။ အီရန်ဘက်ကတော့ ဒီဒုံးကျည်တွေဟာ ယီမင်ထဲက ဟူသီသူပုန်တွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဆော်ဒီ အိမ်ရှင်မင်းသားက ဒါဟာ ကမ္ဘာကြီးက နိုင်ငံတကာ တည်ငြိမ်မှုတွေ ပျက်ပြား လာစေအောင် လုပ်လာရင် တုန့်ပြန်ရင်ဆိုင်သွားမယ်တာကို လာပြီး စမ်းတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုထက်အောင်က ပြောပြမှာပါ။