အာဖဂန်က တိုက်ခိုက်မှုတွေနဲ့ အရပ်သားသေဆုံးမှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာဖဂန်က တိုက်ခိုက်မှုတွေနဲ့ အရပ်သားသေဆုံးမှု

အာဖဂန် နစ္စတန် နိုင်ငံမှာ ဒီလ အစောပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့တဲ့ နောက်မှာ တိုက်ခိုက်မှုတွေ ပိုတိုးလာခဲ့ပါတယ်။ အာဖဂန်တွင်းက ပြည်ပ တပ်တွေ ဘယ်လို ရုတ်သိမ်းမယ်၊ တနိုင်လုံးမှာ ဘယ်လို အပစ်ရပ်မယ် ဆိုတာတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တာလီဘန်တွေအကြား တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် သမ္မတ ထရမ့်က ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားလိုက်တဲ့ နောက်ပိုင်း နိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ ပြန်စလာခဲ့တာဖြစ်ပါတယ်။ ဘီဘီစီက အာဖဂန် မြောက်ပိုင်းမှာ ရှိတဲ့ ဖာယပ်ဘ် ပြည်နယ်ထဲက တာလီဘန် တွေထိန်းချုပ်ထားတဲ့ နယ်ထဲကို ရောက်ခဲ့ပြီး အဲဒီက အရပ်ပြည်သူတွေနဲ့ တွေ့ဆုံနိုင်ခဲ့ပါတယ်။ ကိုသိမ်းမြတ်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ