မွတ်ဆလင်ခေါင်းဆောင်တချို့ရဲ့ လိင်အမြတ်ထုတ်တာခံလိုက်ရတဲ့ အမျိုးသမီးတွေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရတ်က အမျိုးသမီးငယ်တွေအပေါ် မွတ်ဆလင်ခေါင်းဆောင်တချို့ လိင်အမြတ်ထုတ်ခဲ့

အီရတ်နိုင်ငံမှာ ရှီယာမွတ်ဆလင် ဘာသာရေးခေါင်းဆောင်တချို့က ကလေးတွေနဲ့ အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တဲ့ သက်သေအထောက်အထားတွေကို ဘီဘီစီက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

Karbala မြို့နဲ့ Baghdad မြို့တွေမှာ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တချို့က အပျော်လက်ထပ်မှု လို့ခေါ်ကြတဲ့ ယာယီလက်ထပ်ခွင့်ကို အသုံးပြုပြီး အမျိုးသမီးငယ်တွေကို ဘယ်လို လိင်အမြတ်ထုတ်ခဲ့သလဲဆိုတာ ဘီဘီစီအာရဗီဌာနက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီလိုမျိုး ယာယီလက်ထပ်တာက အီရတ်ဥပဒေအရ တရားမဝင်ပါဘူး။ ဒါပေမဲ့ ရှာရီးယား အစ္စလာမ်ဘာသာရေးဥပဒေအရ ခွင့်ပြုတယ်လို့ တချို့က အဓိပ္ပာယ် ကောက်ယူကြပါတယ်။

တချို့လက်ထပ်စာချုပ်တွေဆို တနာရီလောက်ပဲ သက်တမ်းရှိပါတယ်။ မိန်းကလေးတွေကို ငွေပေးပြီး လိင်ဆက်ဆံလို့ရတယ်ဆိုတာကို ဘာသာရေးဆရာတွေ ပြောဆိုနေတာကို ဘီဘီစီက ရိုက်ကူးထားတဲ့ လျှို့ဝှက်ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

ဘီဘီစီသတင်းထောက် နာဝဲလ် အယ်လ်မာ ဟခ်ဖစ်ရဲ့ အထူးသတင်းကို မရီရီအောင်က ပြောပြပေးမှာပါ။

ဒီသတင်းမှာ ကလေးသူငယ်တွေကို အမြတ်ထုတ်တဲ့အကြောင်း အသေးစိတ်ဖော်ပြမှုက စိတ်အနှောက်အယှက်ဖြစ်စရာတွေ ပါလာနိုင်ကြောင်းကိုတော့ ကြိုတင်အသိပေးပါရစေ။