ကြိတ်ကြိတ်တိုး စည်ကားတဲ့ ရန်ကုန်တိုင်းအစိုးရ မြေကွက်ရောင်းပွဲ

မြေကွက် ၅၀၀ကျော်အတွက် တစ်ရက်တည်းကို လူနှစ်ထောင်ကျော်လာလျှောက် ဓာတ်ပုံ မူပိုင် Aung Naing
Image caption မြေကွက် ၅၀၀ကျော်အတွက် တစ်ရက်တည်းကို လူနှစ်ထောင်ကျော်လာလျှောက်

အောက်တိုဘာ ရ ရက်နေ့ က တောင်ဥက္ကလာ နန္ဒဝန်ဈေးအနီး အရှေ့ပိုင်းခရိုင် စုပေါင်းရုံးမှာ ရန်ကုန်တိုင်းအစိုးရ ထုတ်ရောင်းတဲ့ မြေကွက်တွေကိုလျှောက်လွာစတင်ရောင်းခဲ့ရာမှာ လျှောက်ထားသူ ၂၀၀၀ ကျော်နီးပါးလာလျှောက်ကြပြီး ကြိတ်ကြိတ်တိုး စည်ကားခဲ့တယ်လို့ ကိုယ်တိုင်ရောက်ရှိခဲ့သူတတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရ ထုတ်ရောင်းတဲ့ မြေကွက် တွေထဲမှာ အရှေ့ဒဂုံ ၁၅၅ ရပ်ကွက်က အကွက်တွေပါဝင်နေပြီးတော့ အဲဒီနေရာက မြေကွက်တွေဟာ အပြင်ဈေး ကျပ်သိန်းရ၀ လောက်ပဲရှိတာကြောင့် အပြင်ပေါက်ဈေးနဲ သိပ်များများမကွာဘူးလို့လည်းအရှေ့ဒဂုံအိမ်ခြံမြေအရောင်းဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"ဒဂုံ မြောက်ပိုင်းက ဆိုရင် ၄၀ ရပ်ကွက်ထဲက တစ်ကွက်နဲ့ ၄၈ ရပ်ကွက်ထဲက တစ်ကွက်ပါတယ် ။ဒီအကွက်တွေက တော့ ဘယ်ဈေးဖြတ်မလဲ မသိ ဘူး သူကတော့ ကျပ်သိန်း၃၀၀ အောက်ထစ်ပေါက်တဲ့ အကွက်တွေ"လို့လည်းလို့လည်း လျှောက်လွာကိုယ်တိုင်ဝယ်သူတစ်ဦးကပြောပါတယ် ။

ဒီမြေတွေရဲ့ ဈေးနှုန်းကတော့ မြို့နယ်အလိုက် ရန်ကုန်တိုင်းဒေသကြီး တန်ဖိုး စိစစ်ရေး အဖွဲ့ကနေ သတ်မှတ်ထားတဲ့ လမ်းကျဉ်း၊ လမ်းကျယ်၊ နေရာအလိုက်၊ မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ တစ်စတုရန်းပေ နှုန်းတွေအတိုင်း ရောင်းမယ်လို့ အကြမ်းဖျင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်အစိုးရ မြေကွက် ၅၀၀ ကျော်ကို ပထမအသုတ် ရောင်းမယ်

ဓာတ်ပုံ မူပိုင် Aung Naing
Image caption မှတ်ပုံတင် ပါမှ လျှောက်လွှာရောင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရဲ့မြေကွက်တွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အာမခံတယ်လို့ အောက်တိုဘာ လ ၇ရက်နေ့က သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

"အခုမြေရောင်းတယ်ဆိုတာ YCDC တစ်ယောက်ထဲရောင်းတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရလည်းပါတယ်။အကုန်လုံးစုပြီး မြေရောင်းမယ့် ကော်မတီ ဖွဲ့ပြီး၊ ကြေညာပြီးတော့မှ သေချာရောင်းတာပါ" လို့လည်းမြို့တော်ဝန်က ပြောပါတယ်။

ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်စုပေါင်းရုံးမှာ လျှောက်လွှာတစ်စောင်တစ်သောင်းနူန်းနဲ့ရောင်းချပေးနေတာဖြစ်ပြီးတော့ ဒီနေ့တစ်ရက်တည်းကို လူ နှစ်ထောင် လောက်လာရောက်ဝယ် ခဲ့တယ်လိုံ လည်းတောင်ဥက္ကလာဒေသခံတစ်ဦးကပြောပါတယ် ။

"ဒီမြေကွက်တွေမှာ လူနေဖို့ ပေ၄၀၊ပေ ၆၀ အကွက်တွေကို ရောင်းတာပါ ။နောက်တစ်ခုက စက်မှုလုပ်ငန်းသုံး အတွက်ပါ။ ဒီဟာတွေကအပိုင်းလိုက်ရောင်းသွားမှပါ။ လူထုကို ကျွန်တော် တို့လက်ထက်မှာ ရောင်းနိုင်ခွင့်ရှိတုန်း ရောင်းပေးတာပါ။ အမြတ်အတွက်ကြောင့်မဟုတ်ဘူး။ မရသေးတဲ့ လူတွေ အိမ်ဆောက်ချင်တဲ့လူတွေ သူတို့ဘဝအတွက် ရည်ရွယ်ပြီးရောင်းတာပါ၊ အစိုးရအဖွဲ့အစည်း ကရောင်းတဲ့အတွက်ကြောင့်အာမခံချက်ရှိပါတယ် " လို့ ရန်ကုန် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သတင်းထောက်တွေကို ကို ပြောခဲ့ပါတယ်။

အကွက်ပေါင်း ၅၃၀ လောက် ရောင်းဖို့ရှိတယ်လို့ ရန်ကုန် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Aung Naing
Image caption နိုဝင်ဘာလ ၈ ရက်မှာလျှောက်လွှာ ပြန်တင်ရမယ်

လျှောက်လွှာတွေ ကို အောက်တိုဘာလ ၇ ရက်မှာ စရောင်းပြီး နိုဝင်ဘာလ ၈ ရက်မှာ ပြန်တင်ရမယ်လို့ လည်းအစိုးရ ကအောက်တိုဘာလ ၂ရက်နေ့ ကထုတ်ပြန်ခဲ့ပါတယ်။

ဒီမြေတွေကို လျှောက်လွှာပိတ်ရက်မတိုင်ခင် တစ်လအတွင်းသွားကြည့်ပြီး ရွေးချယ် လျှောက်ထားနိုင်တယ်လို့လည်းသိရပါတယ်။

အခုရန်ကုန်တိုင်း အစိုးရ ထုတ်ရောင်းမယ့်မြေတွေဟာ ဒဂုံလေးမြို့နယ်နဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာ စုစုပေါင်း ခြောက်မြို့နယ်မှာ ရောင်းမှာ ဖြစ်ပါတယ်။

အနည်းဆုံး မြေကွက်တစ်ကွက်ကို ယေဘုယျ ကျပ်သိန်း ၆၀ လောက် ကျသင့်မှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒါပေမယ့်တချို့မြေကွက်တွေက အပြင်ပေါက်ဈေး ထက်နဲ့ မကွာသလို အချို့နေရာ တွေ ဟာ သိန်း၆၀ လောက် မပေါက်တဲ့နေရာတွေလည်းပါတယ်လို့ပြောဆိုမှုတွေရှိပါတယ်။

လျှောက်လွှာစရောင်းတဲ့ ပထမနေ့ မှာတော့ တစ်ရက်တည်းကို ပဲ လူ နှစ်ထောင် ခန့်လာဝယ်ခဲ့တယ်လို့ လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Aung Naing
Image caption ငွေကို ခွင့်ပြုကြောင်း အကြောင်းကြားစာရတဲ့နေ့ကနေ(၆)လအတွင်း အကြေပေးသွင်းရမယ်။

အခုမြေတွေဟာ အစိုးရက မြို့ပြစီမံကိန်း သတ်မှတ်ပြီးသားမြေတွေ ဖြစ်ပြီး စီမံကိန်းအသစ် ထပ်လုပ်တာမျိုး မဟုတ်တဲ့အတွက် လွှတ်တော်ကို တင်ပြဖို့ မလိုဘဲ အစိုးရက လုပ်ပိုင်ခွင့်ရှိတဲ့ မြေတွေလို့ လည်း ရန်ကုန်မြို့တော်စည်ပင် ကပြောပါတယ်။

အစိုးရက မြို့ပြစီမံကိန်းတွေမှာ လယ်သမားတွေဆီက မြေတွေသိမ်းထားခဲ့တာရှိပြီးတော့ ဒီရောင်းရငွေတွေကို မြေယာလျော်ကြေး ပေးတဲ့ နေရာတွေမှာ သုံးပြုသွားမယိလို့လည်း ရန်ကုန်မြို့တော်စည်ပင် က သတင်းထောက်တွေကို ပြောပါတယ်။

ငွေကို ခွင့်ပြုကြောင်း အကြောင်းကြားစာရတဲ့နေ့ကနေ(၆)လအတွင်း အကြေပေးသွင်းရမှာဖြစ်ပြီး

မြေရပြီး (၆)လအတွင်း အဆောက်အအုံအဆောက်ပြီးပါက ဂရန်ရရှိရေးဆောင်ရွက်ပေးမယ်လို့လည်းသိရပါတယ်။

သုံးနှစ်အတွင်းအမည်ပြောင်းခြင်းတဆင့်ရောင်းချခြင်းတို့မလုပ်ရဘူးလို့လည်းလျှာက်လွှာမှာဖော်ပြထားတယ်လို့သိရပါတယ်။

စက်မှုဇုန်မြေတွေကိုတော့ မြေကွက် အကွက်လိုက်နှုန်းတွေနဲ့ သတ်မှတ်ထားတာလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လျှောက်ထားသူကလည်း ပေးချင်တဲ့ ဈေးကို အဆိုပြုနိုင်တယ်လို့ဆိုပါတယ်။

အခုရောင်းချမှုပြီးတဲ့အခါ ဒုတိယ အဆင့် အနေနဲ့ မြောင်းတကာ စက်မှုဇုန် မြေကွက် ၁၇၀ ကျော်ကိုလည်း ရောင်းဖို့ ရှိသေးတယ်လို့ ရန်ကုန် စည်ပင် တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ