ကန်တပ်တွေ ရုတ်သိမ်းတာကို အခွင့်အရေးမယူဖို့ တူရကီကို ထရမ့် သတိပေး
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ပြောဆိုလိုက်ပါတယ်။
ဒါဟာ ကာ့ဒ်လက်နက်ကိုင်တွေကို တိုက်ခိုက်ဖို့ တူရကီကို လမ်းဖွင့်ပေးလိုက်သလို ဖြစ်မယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။
ကာ့ဒ် လက်နက်ကိုင်တွေဟာ ဆီးရီးယားမှာ အိုက်အက်စ်အဖွဲ့ကို ချေမှုန်းနေတဲ့ အမေရိကန် ဘက်ကနေ ကူတိုက်ပေးနေတာပါ။ ဒါပေမဲ့ တူရကီကတော့ သူတို့ကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားပါတယ်။
အခုလို အမေရိကန်တပ်တွေ ရုပ်သိမ်းတာကို တူရကီဘက်က အခွင့်ကောင်း မယူဖို့ သမ္မတ ထရမ့်က သတိပေးလိုက်ပါတယ်။ သူ့အဆိုအရ တူရကီဘက်က သတ်မှတ်ထားတဲ့ အတိုင်းအတာ ကျော်လာမယ်ဆိုရင် တူရကီရဲ့ စီးပွားရေးကို ဖျက်စီးပစ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ကိုထက်အောင်က ဆက်ပြောပြမှာပါ။