စွပ်စွဲပြစ်တင်ကိစ္စမှာ အိမ်ဖြူတော် ပူးပေါင်းမှာမဟုတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စွပ်စွဲပြစ်တင်ကိစ္စမှာ အိမ်ဖြူတော် ပူးပေါင်းမှာမဟုတ်

အမေရိကန် ပြည်ထောင်စုမှာ အောက်လွှတ်တော်က ဒီမိုကရက် အမတ်တွေက သမ္မတကို စွပ်စွဲ ပြစ်တင်ဖို့ ကြိုးစားနေတဲ့ ကိစ္စမှာ ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်ဘူးလို့ သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ ဖွဲ့စည်းပုံ နဲ့ မညီဘူးလို့လည်း ဆိုပါတယ်။

ဒီမိုကရက် ခေါင်းဆောင်တွေ ဆီလည်း စာပို့ ခဲ့ပြီး အခြေအမြစ် မရှိဘူး၊ ဖွဲ့စည်းပုံနဲ့ မညီဘူး လို့ဆိုခဲ့ပါတယ်။

အောက်လွှတ်တော်က ဒီမိုကရက် ခေါင်းဆောင် နန်စီ ပလိုစီကတော့ ဘယ်သူမှ ဥပဒေ အထက်မှာ ရှိမနေဘူးလို့ သမ္မတ ထရမ့်ကို သတိပေးလိုက်ပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။