ဆီးရီးယားမြောက်ပိုင်းကို အစိုးရတပ်တွေ ရောက်လာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားမြောက်ပိုင်းကို အစိုးရတပ်တွေ ရောက်လာ

သမ္မတ ထရမ့်က တူရကီရဲ့ စီပွားရေးကို ဖျက်ဆီးပစ်မယ်လို့ ထပ်ပြီး ခြိမ်းခြောက်လာပြန်ပါတယ်။ ဒါပေမယ့် ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုတွေဟာ ထင်ထားတာတွေလောက် မပြင်းထန်ပါဘူး။ တူရကီငွေကြေး လီယာ ဆိုရင် တန်ဖိုးတောင် ပြန်တက်လာပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုက တူရကီပို့ကုန် သံမဏိပစ္စည်းတွေနဲ့ အတူ ၊ တူရကီအစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ယောက်နဲ့ တခြား အရာရှိ ၃ယောက်အပေါ် ပစ်မှတ်ထားပါတယ်။ ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေကိုလည်း အမေရိကန်ဘက်က နားထားပါတယ်။

တူရကီ ဆီးရီးယား နယ်စပ်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဆီးရီးယားထဲက ဗျူဟာမြောက် အရေးပါတဲ့ မဲန်းဘစ်ဂျ် (Manbij) ကို ဆီးရီးယားအစိုးရတပ်တွေ ရောက်နေပြီလို့ ဆီးရီးယား မီဒီယာတွေက ပြောနေပါတယ်။ ဒီအကြောင်းကို ဘီဘီစီ နိုင်ငံတာ သတင်းထောက် အိုလာဂူရင်က နယ်စပ်မြို့ အက်ချာကာလေ (Akcakale) ကနေ သတင်းပေးပို့ထားတာကို မသီဒါနွယ် ပြန်ပြောပြပေးမှာပါ။