ဟောင်ကောင် ဗလီကြီးကို ဆေးပြာရည်တွေနဲ့ ပက်မိလို့ ကယ်ရီလမ်း တောင်းပန်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆန္ဒပြသမားတွေကို မျက်ရည်ယိုဗုံးသုံးပြီး ဟောင်ကောင်ရဲတပ်ဖွဲ့ နှိမ်နင်း

ဟောင်ကောင်က အကြီးဆုံး ဗလီကြီးကို ရဲတွေက ဆေးပြာရည်တွေပါတဲ့ မီးသတ်ပိုက်တွေနဲ့ မတော်တဆ ပက်မိခဲ့ပြီးနောက် အဲဒါကိုတောင်းပန်ဖို့ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း ဗလီကြီးကို ခဏ သွားရောက်ခဲ့ပါတယ်။

မနေ့က ဆန္ဒပြပွဲတွေ အတွင်း သဘောထားပြင်းထန်တဲ့ ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ပဋိပက္ခတွေဖြစ်ခဲ့တုန်း အခုလို ဖြစ်ခဲ့တာပါ။

ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ သီတင်းပတ် ၂၀ ပြည့်ချိန်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် စျေးဆိုင်တွေ၊ ဘဏ်တွေနဲ့ မက်ထရို မြေအောက်ဘူတာတွေ လည်း ပျက်စီးခဲ့ပါတယ်။

တရုတ်ပြည်မကြီးကို လွှဲပြောင်းခွင့်ပြုရေးဆိုင်ရာ အဆိုပြုချက်ကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ ဇွန်လက စတင်ခဲ့ပြီး အဲဒါကို ရုပ်သိမ်းလိုက်ပေမဲ့ ဆန္ဒပြမှုတွေ ဆက်ရှိနေတဲ့ အခြေအနေကို ကိုအောင်သွင် ပြောပြပေးပါမယ်။