အင်္ဂါဂြိုဟ်မှာ ပျံသန်းမယ့် နာဆာ ရဟတ်ယာဉ်စီမံကိန်းကို ဦးဆောင်သူ မြန်မာအမျိုးသမီး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘီဘီစီ အမျိုးသမီး ၁၀၀ - အင်္ဂါဂြိုဟ်မှာ ပျံသန်းမယ့် NASA ရဲ့ ရဟတ်ယာဉ်စီမံကိန်းကို ဦးဆောင်သူ မမီမီအောင်

NASA ရဲ့ ၂၀၂၀ အင်္ဂါဂြိုဟ် စီမံကိန်းမှာ ဦးဆောင်သူ မြန်မာ အမျိုးသမီး မမီမီအောင်။

အမေရိကန် အာကာသ အေဂျင်ဆီ (NASA) ဟာ ၂၀၂၀ ခုနှစ် ကျရင် မာ့စ် (အင်္ဂါ) ဂြိုဟ် ခရီးစဉ် ဖြစ်မြောက်ဖို့ စီစဉ်နေပါတယ်။ အဲဒီ ခရီးစဉ်မှာ စေလွှတ်ဖို့ ရဟတ်ယာဉ် ကို တည်ဆောက်နေတဲ့ အဖွဲ့ကို ဦးဆောင်သူကတော့ မြန်မာ အမျိုးသမီး မမီမီအောင် ဖြစ်ပါတယ်။ ဒီ စီမံကိန်းဟာ မြေကမ္ဘာကနေ တခြား ဂြိုဟ် တစ်ခုကို ပထမဆုံး ပျံသန်းမယ့် ယာဉ် ခရီးစဉ်လည်း ဖြစ်ပါတယ်။

မမီမီအောင်ဟာ အသက် ၁၆ နှစ် အရွယ် မှာ မြန်မာပြည်ကနေ အမေရိကန်ပြည်ထောင်စုကို ပညာသင်ဖို့ တစ်ကိုယ်တည်း ထွက်လာခဲ့သူပါ။ အခုတော့ သူဟာ နာဆာရဲ့ ထိပ်တန်း အင်ဂျင်နီယာ တစ်ဦး ဖြစ်လို့ နေပါပြီ။

အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်မှာ ပါဝင်ရသူ အမျိုးသမီး တစ်ဦးရဲ့ စိန်ခေါ်မှုတွေက ဘာလဲ၊ မမီမီအောင် ငယ်စဉ်ကတည်းက သူ့ မိခင်ကို ဘာကြောင့် လေးစားအားကျခဲ့ရသလဲ အစရှိတဲ့ သူ့ဘဝ၊ သူ့ခံယူချက် အကြောင်းကို ရုပ်သံမှာ ရှုစားနိုင်ပါပြီ။