ကာ့ဒ်လက်နက်ကိုင်တွေ ဆီးရီးယားထဲက ဆုတ်ခွာတော့မလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကာ့ဒ်လက်နက်ကိုင် ပီကေကေ အဖွဲ့နဲ့ ဘီဘီစီ မေးမြန်းခန်း

တူရကီနဲ့ ရုရှားကြား သဘောတူထားချက်အရ ဆီးရီးယား နိုင်ငံ မြောက်ပိုင်းကနေ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေ အောက်တိုဘာလ ၂၉ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ ကာ့ဒ်လက်နက်ကိုင်တွေဟာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း တူရကီ နယ်စပ် တောင်ပိုင်းကနေ ၃၀ ကီလိုမီတာ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းထောက် Aleem Maqbool က ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ပီကေကေ ကာ့ဒ်လက်နက်ကိုင်အဖွဲ့ရဲ့ တုံ့ပြန်ချက်ကို သိရအောင် ဒီအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Zagros Hiwa ကို အီရတ်နိုင်ငံမြောက်ပိုင်းမှာ သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

ကိုဘိုဘိုက ဆက်ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ