ဘရက်ဇစ်အရေး ဖြေရှင်းနိုင်ဖို့ ဗြိတိန်မှာ ရွေးကောက်ပွဲ ထပ်ကျင်းပမယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘရက်ဇစ်အရေး ဖြေရှင်းနိုင်ဖို့ ဗြိတိန်မှာ ရွေးကောက်ပွဲ ထပ်ကျင်းပမယ်

ဗြိတိန်မှာ ငါးနှစ်အတွင်း တတိယမြောက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ ဗြိတိသျှ ပါလီမန် လွှတ်တော် အမတ်တွေက အောက်တိုဘာလ ၂၉ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့တာပါ။

၂၀၁၆ ခုနှစ် လူထုဆန္ဒခံယူပွဲမှာ ဗြိတိန် အီးယူကနေ နုတ်ထွက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပြီးတဲ့နောက် ဘရက်ဇစ်အရေးနဲ့ ပတ်သက်လို့ ပါလီမန်မှာ ရှေ့မတိုး နောက်မဆုတ်နိုင် အခြေအနေ ဖြစ်နေတာပါ။

ကိုဘိုဘိုက ဆက်ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ