ပင်လယ်ကွေ့က အွန်လိုင်း ကျွန်ပြုမှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အွန်လိုင်းကျွန်စျေးကွက်အကြောင်း ဘီဘီစီ စုံစမ်းဖော်ထုတ်နိုင်

ဂူဂဲလ်၊ အက်ပဲလ်နဲ့ ဖေ့စ်ဘုတ်ပိုင် အင်စတာဂရမ်တွေကို သုံးပြီး တရားမဝင် အွန်လိုင်း ကျေးကျွန်စျေးကွက် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တဦးက ဘီဘီစီကို ပြောပါတယ်။

စမတ်ဖုန်းတိုင်းမှာ အလွယ်တကူ ရယူနိုင်တဲ့ Apps တွေ hashtags တွေကို သုံးပြီး အိမ်အကူ လုပ်သားတွေကို ရောင်းချနေတယ်ဆိုတဲ့အကြောင်း ဘီဘီစီ အာရေဗီဘာသာဌာနက စုံစမ်းဖော်ထုတ်ပြီးတဲ့နောက်ပိုင်း အခုလို ပြောဆိုခဲ့တာပါ။

ဒီ app အသုံးပြုသူတဦးဆိုရင် ဘီဘီစီရဲ့ လျှို့ဝှက်ထောက်လှမ်း သတင်းယူနေတဲ့ အဖွဲ့ဆီကို အသက် ၁၆ နှစ်အရွယ် ကလေးငယ်တဦးကို ရောင်းချဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ကိုကျော်ဇေယျက ဆက်ပြောပြမှာပါ။