ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ ဝင်မွှေခဲ့တဲ့ ဆိုင်ကလုန်း ဘာဘ်ဘယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆိုင်ကလုန်းဘာဘ်ဘယ်ကြောင့် ၁၃ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံ ပင်လယ်ကမ်းခြေ တဝိုက်မှာ ဆိုင်ကလုန်း ဘာဘ်ဘယ် ဝင်မွှေသွားခဲ့လို့ အနည်းဆုံး လူ ၁၃ ယောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဒေသခံ နှစ်သန်းကျော်လောက်လည်း ကယ်ဆယ်ရေးစခန်းတွေမှာ တစ်ညတာ ပြောင်းရွှေ့ခိုလှုံခဲ့ရပါတယ်။

တစ်နာရီကို ၁၂၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်တဲ့ ဒီမုန်တိုင်းကြောင့် လူနေအိမ် ထောင်နဲ့ချီလည်း ပျက်စီးသွားခဲ့ပါတယ်။

ဒေသခံတွကို အချိန်မီ ပြောင်းရွှေပေးနိုင်ခဲ့လို့ နောက်ထပ် ထိခိုက်သေဆုံးသူဦးရေ ရှိလာမှာ မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

ကိုအောင်သွင်က ဆက်ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ