ကင်ညာနိုင်ငံမှာ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်သူတွေဟာ သူတို့နဲ့ အတူလိုက်ပါလာတဲ့ တိရစ္ဆာန်တွေအတွက် ရေနဲ့ စားကျက်မြေနေရာရှာဖို့ မိုးခေါင်ရေရှားတဲ့ နယ်မြေအကျယ်ကြီးကို ဖြတ်ရပါတယ်။
အနီးဆုံး ဆေးရုံနဲ့ ဆေးပေးခန်းတွေကလည်း အတော်ဝေးဝေးလံလံမှာ ရှိတော့ တခါတလေ ဆေးဝါး အထောက်အပံ့မရကြပါဘူး။
အခုတော့ သိုးတွေ၊ ကုလားအုတ်တွေကို သုံးပြီး ရွှေ့ပြောင်းဆေးခန်းအဖြစ် လိုက်လံကုသပေးနေပါတယ်။
ဒီအကြောင်း ကိုဝေဖြိုးက ဆက်ပြောပြပေးမှာပါ။