မက္ကဆီကို မူးယစ်ဂိုးဏ်းတွေကို အကြမ်းဖက်အဖွဲ့ သတ်မှတ်မယ်လို့ ထရမ့်ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မက္ကဆီကို မူးယစ်ဂိုးဏ်းတွေကို အကြမ်းဖက်အဖွဲ့ သတ်မှတ်မယ်လို့ ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က မက္ကဆီကိုက မူးယစ်ဆေးဝါး ဂိုဏ်းတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်မယ်လို့ ပြောခဲ့တဲ့နောက် အမေရိကန်နဲ့ မက္ကဆီကို အကြား ဆက်ဆံရေးတွေမှာ အဖုအထစ် အသစ်တွေ ရှိလာပြန်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေလို့ ယူဆရတဲ့ သူတွေကြောင့် အမေရိကန် နိုင်ငံသားတွေ သေဆုံးခဲ့ရတဲ့ နောက်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အခုလို သတ်မှတ်မယ် ဆိုရင်တော့ အမေရိကန် အာဏာပိုင်တွေက သူတို့ သင်္ကာမကင်း သူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူလာနိုင်မှာ ဖြစ်ပါတယ်။ မက္ကဆီကို အစိုးရဘက်ကတော့ ဒါနဲ့ ပတ်သက်လို့ တိကျတဲ့ ဖြေရှင်းချက်တခု ရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။