ကျားဖောင် လုပ်ငန်းခွင်မှာ လူကုန်ကူး ခံခဲ့ရသူ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကျားဖောင် လုပ်ငန်းခွင်မှာ လူကုန်ကူး ခံခဲ့ရသူ

ကျားဖောင်လို့ ခေါ်တဲ့ မြစ်ဝကျွန်းပေါ် ပင်လယ်ပြင် ငါးဖမ်းဖောင်တွေပေါ် လုပ်ကိုင်ဖို့ ပွဲစားတွေက ဖျားယောင်းပြီး အတင်းအဓမ္မ စေခိုင်းခံရသူတွေ ထဲက ဒဂုံ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက် ဒီပြဿနာကို ခေတ်သစ်ကျွန်ပြုခံနေရတဲ့ ပြဿနာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုလာပါပြီ။

အဲဒီ တက္ကသိုလ်ကျောင်းသားရဲ့ သတင်းပေးချက်အရ နောက်ထပ်အဓ္မမ စေခိုင်းခံရသူ ၂ ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။

ပြန်လည် ကယ်တင်လာနိုင်တဲ့ အထဲက တစ်ဦးဖြစ်တဲ့ ကိုသက်က သူ ဘယ်လို ကျားဖောင်တွေပေါ် ရောက်ရှိလာခဲ့တာလဲ၊ ကျားဖောင်မှာ ဘာတွေလုပ်ကိုင်ခဲ့ရပါသလဲ၊ ဘယ်လိုလူမျိုးတွေကို ပွဲစားဆိုသူတွေက ပစ်မှတ်ထားလာတာပါလဲ စတဲ့ သူ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ဘီဘီစီကို ပြန်လည် ပြောပြထားပါတယ်။