ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံ စတင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံ စတင်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့ သတိပေးချက်တွေက ထွက်လာနေပေမယ့် ဒါတွေကို တကယ်ကော အရေးတယူလုပ် နားထောင်ကြပါသလား။ မဒရစ်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံပေါင်း ၂၀၀ နီးပါးရဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲက နောက်လာမယ့် ၁၂ လ အတွင်း ရာသီဥတု ပြောင်းလဲမှုအတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်ကြဖို့ အတွက် တိုက်တွန်း လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်နီ ဂူထားရက်စ်ကလည်း ကမ္ဘာကြီးဟာ ပြန်မလှည့်နိုင်တော့မယ့် အခြေအနေမျိုးကို ရောက်လာနေပြီလို့ ပြောပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။