သူတို့ကြိုက်တဲ့ အစားအစာတွေ လက်ဆောင်ရခဲ့ကြတဲ့ တိရစ္ဆာန်လေးတွေ

နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ချ်မြို့အပြင်ဘက် အိုရာနာတောရိုင်းတိရိစ္ဆာန်ဥယျာဥ်က ကြက်တူရွေးကတော့ သူရတဲ့ လက်ဆောင်ထုတ်ကို ကိုက်ဖြဲပြီး အထဲမှာ ဘာရှိလဲ စူးစမ်းနေလေရဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ချ်မြို့အပြင်ဘက် အိုရာနာတောရိုင်းတိရိစ္ဆာန်ဥယျာဥ်က ကြက်တူရွေးကတော့ သူရတဲ့ လက်ဆောင်ထုတ်ကို ကိုက်ဖြဲပြီး အထဲမှာ ဘာရှိလဲ စူးစမ်းနေလေရဲ့

ပရိသတ်တွေထဲမှာလည်း ခရစ္စမတ်လက်ဆောင်တွေရလို့ ပျော်နေကြသူတွေ ရှိမှာပေါ့နော်။

ဒီလိုပဲ ကမ္ဘာတလွှားမှာ ရှိကြတဲ့ တိရိစ္ဆာန်ရုံတွေမှာလည်း တိရိစ္ဆာန်ကလေးတွေအသီးသီး ခရစ္စမတ်လက်ဆောင်တွေ ရခဲ့ကြပါတယ်။ သူတို့ရတဲ့ လက်ဆောင်တွေကတော့ သူတို့ကြိုက်တဲ့ စားစရာလေးတွေကို ခရစ္စမတ်လက်ဆောင်ထုတ်လေးတွေနဲ့ ပေးတာပါ။

ပြင်သစ်၊ ဂျာမနီ၊ ကိုလံဘီယာနဲ့ နယူးဇီလန်တိရိစ္ဆာန်ရုံတွေက တိရိစ္ဆာန်လေးတွေ သူတို့ရတဲ့ လက်ဆောင်တွေ ဖွင့်ကြည့်နေကြပုံလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အိုရာနာဥယျာဉ်ကပဲ ဂေါ်ရီလာလူဝံ ရတာကတော့ ရေခဲစားစရာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဒီအပေါ်နဲ့ အောက်က ပုံတွေကတော့ အိုရာနားဥယျာဉ်ကပါပဲ၊ ချီးတားကျားသစ်တွေအတွက်လည်း ခရစ္စမတ်လက်ဆောင် မကျန်ခဲ့ရပါဘူး၊ ဒီဘူးထဲမှာတော့ စားစရာလေးတွေ အပြည့်ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ပြင်သစ် အနောက်မြောက်ဘက် လာမန်းစ်မြို့နားက ဇူးဒီပက်ရှာရေး တိရိစ္ဆာန်ရုံထဲက ရှဉ့်မျောက်ကလေးတွေအတွက်တော့ ကိုယ်တိုင် ဖွင့်ဖောက်ကြည့်စရာ လက်ဆောင်ထုတ်ကလည်း တန်းပေါ်မှာ အသင့်ပါ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဂျာမနီမြောက်ပိုင်း ဟမ်းဘာ့ဂ်မြို့က တီယာပတ်ဟာဂင်ဘက်တိရိစ္ဆာန်ရုံထဲက ဆင်တွေအတွက် လက်ဆောင်ကတော့ သစ်သီးတွေ၊ ကောက်ရိုးတွေနဲ့ သစ်စေ့တွေအပြည့်ပါတဲ့ လက်ဆောင်ပုံးတွေပါပဲ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ကိုလံဘီယာက ကာလီတိရိစ္ဆာန်ရုံမှာ ဘာဘွန်းမျောက်ရတဲ့ မုန့်ကတော့ သူစားနေကျအတိုင်း ကိုက်ခွာစားရဖို့ပါပဲ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ကာလီတိရိစ္တာန်ရုံထဲက ကျားသစ်နက်အတွက်တော့ ခရစ္စမတ်စတော့ကင်လေးတွေနဲ့တောင် တန်ဆာဆင်ထားလိုက်သေးတဲ့ လက်ဆောင်ပုံးတွေပါပဲ။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ကာလီမှာပဲ ကိုရွှေခြင်္သေ့အတွက်လည်း စားစရာပုံးရောက်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

မျောက်ကလေးကတော့ မစားရခင် သူ့ပုံတူခရစ္စမတ်ဦးထုတ်နဲ့ ပုံးကို စူးစမ်းနေပါလေရဲ့

All pictures copyright