အိန္ဒိယသမုဒ္ဒရာအတွင်းက ကျွန်းငယ်လေးကြောင့် ဗြိတိန် တရားစွဲခံရတော့မလား

အိန္ဒိယသမုဒ္ဒရာအတွင်းက ကျွန်းငယ်လေးကြောင့် ဗြိတိန် တရားစွဲခံရတော့မလား

အိန္ဒိယ သမုဒ္ဒရာအတွင်းက ချေးကော့စ်ကျွန်းစုတွေကို ဒေသခံတွေ ပြန်ခွင့်ပိတ်ပင်ခဲ့တဲ့အတွက် ဗြိတိန်နိုင်ငံဟာ လူအမြောက်အများအပြားအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။

ဒီကျွန်းစုတွေကို ဗြိတိန်ဘက်က ထိန်းသိမ်းထားမှုကို စွန့်လွှတ်ဖို့ ဒီနှစ်အစောပိုင်းမှာ ကုလသမဂ္ဂ အမြင့်ဆုံး တရားရုံးက အချိန် ၆ လ ပေးခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ သတ်မှတ်ပေးထားတဲ့အချိန် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

အခုတော့ မောရစ်ရှပ်စ်အစိုးရက ဗြိတိသျှ အာဏာပိုင်တွေကို အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ အမှုဖွင့်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းထောက် Andrew Harding ပေးပို့တဲ့ သတင်းလွှာကိုတော့ ကိုကျော်ဇေယျက ပြန်ပြောပြမှာပါ။