ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ပိုတိုးလာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ပိုတိုးလာ

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ပြန့်ပွားလာခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးတဲ့နောက် သေဆုံးသူ ၉ ဦးအထိ ရှိသွားပြီလို့ တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၄၄၀ ရှိသွားပြီဖြစ်ပြီး ဂျပန်၊ ထိုင်းနဲ့ အမေရိကန်က ဆီယက်တယ်မြို့တို့ကိုလည်း ပျံ့နှံ့သွားပြီလို့ ကျန်းမာရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌက သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO မှာလည်း အရေးပေါ် အစည်းအဝေး ကျင်းပနေပါတယ်။

ကိုသိမ်းမြတ်က ဆက်ပြောပြမှာပါ။