ကက်ရှ်မီးယားက ထိန်းသိမ်းခံရသူတွေအတွက် မိခင်တချို့ရဲ့ သောက
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိန္ဒိယ ကက်ရှ်မီးယားက ထိန်းသိမ်းခံရသူတွေအတွက် မိခင်တို့ရဲ့ သောက

ပြီးခဲ့တဲ့ နှစ်က အိန္ဒိယ ဘက်ခြမ်းက ကက်ရှ်မီးယား ဒေသကို အထူးအခွင့်အရေးပေးထားတဲ့ ဒေသအဖြစ်က ပယ်ဖျက်ခဲ့တဲ့ နောက်ပိုင်းမှာ အဲဒီက ကက်ရှ်မီးယား လူငယ်ရာပေါင်းများစွာကို စွဲချက်မဲ့နဲ့ ဖမ်းဆီး ထိန်းသိမ်းထားခဲ့တာတွေ ရှိပါတယ်။ တချို့ဆို ဒေသနဲ့ တော်တော် အလှမ်းကွာတဲ့ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ အဲဒီ ဖမ်းဆီးခံထားရသူတွေရဲ့ မိခင်တွေကတော့ ကိုယ့်ရင်သွေးကို တွေ့ခွင့်ရဖို့ လမ်းစရိတ်ရှာပြီး သွားကြရတဲ့ အဖြစ်တွေတောင် ရှိနေပါတယ်။ ဘီဘီစီ ဟင်ဒီ ဘာသာ ဌာနက အမီယာ ပီယာဇဒါက အဲဒီ ဖမ်းဆီးခံထားရသူတွေရဲ့ မိခင်တွေနဲ့ တွေ့ဆုံ နိုင်ခဲ့ပါတယ်။

ကိုအောင်သွင် က ပြောပြမှာပါ။