ဘာလီဗုံးခွဲခဲ့သူနဲ့ ခံခဲ့ရသူတွေရဲ့ မိသားစုတွေ့ဆုံ

၂၀၀၂ ခုနှစ်က အင်ဒိုနီးရှားက နာမည်ကျော် အပန်းဖြေစခန်းတွေ ရှိရာ ဘာလီကျွန်းမှာ ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရလို့ ကမ္ဘာတဝန်းက လာကြတဲ့ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကို အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ အဆက်အသွယ် ရှိတဲ့ ဒေသတွင်း စစ်သွေးကြွ အဖွဲ့တစ်ခုက ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တိုက်ခိုက်မှုမျိုးတွေ ထပ်ကြုံမလာရစေဖို့ အင်ဒိုနီးရှားက ဆောင်ရွက်ခဲ့ရာမှာ တိုက်ခိုက်ခံရလို့ သေဆုံး ဒဏ်ရာရခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဗုံးသမားတွေကိုပါ တွေ့ဆုံစေတာပဲ ဖြစ်ပါတယ်။ ဘီဘီစီက ရေဘက်ကာ ဟန်းရှကီးက အဲဒီလို တွေ့ဆုံမှုကို သတင်းယူခွင့်ရခဲ့ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။