တရုတ်ပြည်မှာ ဝီဂါတွေကို ဆက်ဆံပုံနဲ့ ပတ်သက်လို့ အထောက်အထားသစ်တွေ တွေ့ရှိ

ဘီဘီစီက တွေ့ရှိခဲ့ရတဲ့ မှတ်တမ်း အချက်အလက်တွေမှာ တရုတ်ပြည်မှာ မွတ်ဆလင် ရာပေါင်းများစွာကို ဘယ်လို ထိန်းသိမ်း ထားတယ်ဆိုတာကို အသေးစိတ် သိခဲ့ရပါတယ်။ အဲဒီထဲမှာ ဝီဂါတွေကိုဆိုရင် အမျိုးသမီးတွေ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု၊ မွတ်ဆလင် အမျိုးသမီးတွေလို မျက်နှာဖုံး ဝတ်ရုံ ဝတ်တာမျိုး၊ ပြည်ပက အင်တာနက် ဆိုက်တွေပေါ် မတော်တဆ ဝင်ကြည့်မိတာမျိုးနဲ့တင် ထိန်းသိမ်းခံရတာတွေ ရှိနေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံ အနောက်ပိုင်းက ရှင်ကျန်းဒေသမှာ နေကြတဲ့ ဝီဂါတွေအပေါ် တရုတ်အာဏာပိုင်တွေရဲ့ ဆက်ဆံပုံနဲ့ ပတ်သက်လို့ ဒါတွေက အထောက်အထားတွေ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြသူတွေက ပြောပါတယ်။

တရုတ်ကတော့ ဒီလို ဘာသာရေးအရ ဖိနှိပ်ကန့်သတ်မှုတွေ မရှိကြောင်း အမြဲငြင်းဆန်နေခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီ သံတမန် ရေးရာ သတင်းထောက် ဂျိမ်းစ် လန်ဒေးလ်ရဲ့ သတင်းကို ကိုသိမ်းမြတ် က ပြန်ပြောပြမှာပါ။