ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝန်းကို ကူးစက်လာမှာ စိုးရိမ်နေကြ

အီရတ်၊ ကူဝိတ်၊ ဘာရိန်းနဲ့ အာဖဂန် နစ္စတန်တို့မှာ ကိုရိုနာဗိုင်းရစ် ကူးစက်ခံရမှုတွေကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြပါတယ်။ အဲဒီ ကူးစက်ခံရသူတွေဟာ ကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ အီရန်နဲ့ ဆက်စပ်နေပါတယ်။

ကူးစက်မှုတွေရဲ့ ဗဟိုချက် ဖြစ်တဲ့ တရုတ် မှာတော့ လူပေါင်း ၂၅၀၀လောက် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ဒီရောဂါပိုးကူးစက် ပြန့်ပွားလာမှုအတွက်လည်း စိုးရိမ်မှုတွေ ရှိလာကြသလို လောလောဆယ် နိုင်ငံပေါင်း ၂၉ နိုင်ငံထက်မနည်းမှာ ကူးစက်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။

တောင်ကိုရီးယား ၊ အီရန် နဲ့ အီတလီတို့မှာ ကူးစက်မှုတွေ ဖြစ်ပွားနေရာမှာ တောင်ကိုရီးယားမှာဆို သိသိသာသာ တိုးလာခဲ့ပါတယ်။ အီရန်မှာတော့ သေဆုံးသူ ၁၂ ဦး ရှိခဲ့ပြီ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အီတလီကတော့ လူ ၆ယောက် သေဆုံးခဲ့တဲ့ မြောက်ပိုင်းက ဒေသတချို့မှာ သီးသန့် စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ကိုထွေးက ဆက်ပြောပြမှာပါ။