တောင်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု

တောင်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု

ဇန်နဝါရီလနောက်ပိုင်းကစပြီး ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ဒီနေ့မှာ ကူးစက်ခံရသူ အနည်းဆုံး အရေအတွက် ရောက်သွားတယ်လို့ တရုတ် ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်ပြည် ပြင်ပမှာ ဖြစ်နေတဲ့ နှုန်းကတော့တိုးလာနေပါတယ်။ တမ္ဘာလုံးအတိုင်းအတာနဲ့ ၆၆ နိုင်ငံမှာ လူပေါင်း ကိုးသောင်းနီးပါး ကူးစက်ခံနေရသလို လူသုံးထောင်ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

တောင်ကိုရီးယားကတော့ တရုတ်ပြင်ပမှာ ကူးစက်မှု အများဆုံး ခံထားရတဲ့ နိုင်ငံဖြစ်ပြီး နောက်ထပ် ၄၇၆ ယောက် ကူးစက်ခံထားရတာကို ထပ်တွေ့ခဲ့ရလို့ ကူးစက်ခံထားရသူပေါင်း ၄၂၁၂ ယောက် ရှိလာပြီဖြစ်ပါတယ်။ သေဆုံးသူ ဦးရေကလည်း ၂၆ ယောက် ထိရှိလာပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားက အခြေအနေတွေကို မအေးသူစံက ပြောပြပေးမှာပါ။