ကိုရိုနာဗိုင်းရပ်စ် - ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ပြန်ကောင်းလာတဲ့ စင်္ကာပူက အမျိုးသမီး
ကိုရိုနာဗိုင်းရပ်စ် - ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ပြန်ကောင်းလာတဲ့ စင်္ကာပူက အမျိုးသမီး
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေက ပိုလို့ များလာနေပါတယ်။ အခုဆိုရင် ကူးစက်ခံရသူပေါင်း ၉၀၀၀၀ ရှိလာပြီဖြစ်ပါတယ်။ ကူးစက်ခံရသူတွေ ရှိနေတဲ့ နိုင်ငံတွေကလည်း စင်္ကာပူမှာ ဒီကူးစက်မှုတွေကို ဘယ်လို ထိန်းချုပ် ကိုင်တွယ် နေကြသလဲ ဆိုတာကို လေ့လာနေကြပါတယ်။ စင်္ကာပူဟာ သေးငယ်တဲ့ နိုင်ငံဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စကြုံခဲ့ရတာ ကာလအတန်ကြာလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ကျောင်းတွေလည်း ဖွင့်ထားသလို တခြားလုပ်ငန်းဆောင်တာတွေကိုလည်း ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်ပါတယ်။ နောက်ပြီး နယ်စပ် ဝင်ပေါက်တွေ တော်တော်များများကိုလည်း ဖွင့်ထားဆဲ ဖြစ်ပါတယ်။ စင်္ကာပူမှာ ရောဂါကူးစက်ခံရပြီး ပြန်ကောင်းခဲ့သူတဦးနဲ့ ဘီဘီစီ တွေ့ဆုံခဲ့တာကို ရှုစားရအောင်ပါ။ မရီရီအောင်က ပြန်ပြောပြမှာပါ။