အီတလီမှာ တနိုင်ငံလုံး ကန့်သတ်မှုတွေ ချမှတ်

အီတလီမှာ တနိုင်ငံလုံး ကန့်သတ်မှုတွေ ချမှတ်

တရုတ်ပြည် ပြင်ပက တခြား ကမ္ဘာ့ နိုင်ငံတွေမှာ ကူးစက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ အီတလီမှာဆို ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ၄၆၀ ကျော်ခဲ့ပြီ ဖြစ်ပြီး ကူးစက်ခံထားရသူပေါင်း ၉၀၀၀ ကျော် ရှိနေပါတယ်။ အဲဒါကြောင့်လည်း ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်သတ်မှုတွေကို ချမှတ်ထားပြီ ဖြစ်ပါတယ်။ လူစု လူဝေးမလုပ်ဖို့နဲ့ လူတွေကို အလုပ်ကိစ္စ မရှိရင် အိမ်ထဲမှာသာ နေကြဖို့ ပြောထားသလို ခရီးသွားမယ်ဆိုလည်း ခွင့်ပြုချက် တောင်းခံဖို့ လိုမှာ ဖြစ်ပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။