ဘဲန်ဂျိုမဲရှိအပေါ် အမြင်ပြောင်းလာတဲ့ ဂျပန်

ဂျပန်လို ဘန်ဂျို မဲရှိ ဆိုတဲ့ စကားလုံး တလုံးရှိပါတယ်။ ဒါကတော့ အိမ်သာထဲမှာ နေ့လည်စာ စားတာကို ခေါ်ကြတာပါ။ ဒါကလည်း သူ့အကြောင်းလေးနဲ့ သူပါ။ တချိန်က ဂျပန်လူမျိုးတွေဟာ ကျောင်းတွေမှာ အလုပ်ထဲက ကက်ဖာတေးရီးယားတွေမှာ တယောက်တည်း နေ့လည်စာ စားရတာကို ရှက်စရာလို့ ယူဆခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း လူမမြင်သူမမြင် အိမ်သာထဲမှာ သွားထိုင်ပြီး စားကြတာပါ။ ဒါပေမယ့် အခုတော့ ဒီလို အယူအဆတွေက ပြောင်းလဲ လာကြပြီ ဖြစ်လို့ တယောက်တည်း စားတာကိုလည်း လက်ခံလာကြနေကြပြီ လို့ ဆိုပါတယ်။ ဆက်လက် ရှုစားရအောင်ပါ။