မြန်မာကျောင်းသားတွေ ထွင်တဲ့ ပိုးသတ်ဆေးဖြန်းတဲ့ ရိုဘော့

မြန်မာကျောင်းသားတွေ ထွင်တဲ့ ပိုးသတ်ဆေးဖြန်းတဲ့ ရိုဘော့

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ပျံ့နေလို့ လူတွေ အပြင်မထွက်ဖို့ တစ်ဦးနဲ့ တစ်ဦးထိတွေ့မှုတွေ ရှောင်ဖို့ သတိပေးနေရချိန်မှာ အရေးကြီးလှတဲ့ ပိုသတ်ဆေးဖျန်းတဲ့ လုပ်ငန်းတွေ လုပ်နိုင်ဖို့ စက်ရုပ်တစ်ခုကို ရန်ကုန်နည်းပညာကျောင်းသားတွေက တီထွင်ခဲ့ပါတယ်။ ဆေးဖျန်းစက်ရုပ်သာမက ကုန်သွားတဲ့ ဆေးရည်တွေကိုပါ ဖြည့်ပေးနိုင်တဲ့ နောက်စက်ရုပ်တစ်ခုကိုပါ တီထွင်ခဲ့ကြပါသေးတယ်။ အဲဒီ တီထွင်သူတွေကို မဝင်းစန္ဒာဦးက သွားရောက်တွေ့ဆုံခဲ့ပါတယ်။