အလားအလာရှိတဲ့ ကိုရိုနာ ကုသဆေး တစ်မျိုး ယူကေ စမ်းသပ်

အလားအလာရှိတဲ့ ကိုရိုနာ ကုသဆေး တစ်မျိုး ယူကေ စမ်းသပ်

ကိုရိုနာဗိုင်းရပ်စ် ကို လူတွေရဲ့ ခန္ဓာကိုယ်တွင်းက ခုံခံနိုင်အောင်လို့ ဆေးဝါးတွေ ထုတ်လုပ်ဖို့ ကမ္ဘာ တစ်ဝန်းမှာရှိတဲ့ ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေက ကြိုးပမ်းနေကြပါတယ်။ ယူကေက ဆေးတစ်မျိုးဟာ ကိုရိုနာကုသရေးအတွက် အလားအလာကောင်းနေပြီလို့ သိရပါတယ်။

အဲဒီဆေးကို လူတွေနဲ့ စမ်းသပ်မှုတွေလည်းလုပ်နေပါပြီ။ ဒီဆေးကို လေ့လာနေတဲ့ ဆောက်သမ်ပတန် တက္ကသိုလ်ဆေးရုံကို ဘီဘီစီ သတင်းထောက် ဂျက်စတင် ရိုးလက်လည်း သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ဒီသတင်းကိုတော့ ကိုရင်မောင်က ဆက်ပြီးပြောပြပေးမှာပါ။