အီရန်ရဲ့ မာဟန် လေကြောင်းလိုင်း ကိုရိုနာကူးစက်ပျံ့နှံ့အောင်လုပ်ခဲ့

အီရန်ရဲ့ မာဟန် လေကြောင်းလိုင်း ကိုရိုနာကူးစက်ပျံ့နှံ့အောင်လုပ်ခဲ့

အရှေ့အလယ်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပျံ့အောင်လို့ အီရန်နိုင်ငံရဲ့ မန်ဟာ လေကြောင်းလိုင်းက လုပ်ဆောင်ခဲ့တာကို ဘီဘီစီ အာရပ်ဘာသာ စကားဌာနက စုံစမ်း တွေ့ရှိခဲ့ပါတယ်။ အဲဒီလေကြောင်းလိုင်းဟာ ကိုဗစ်၁၉ ကူးစက်ခံထားရသူ တစ်ယောက်ကို အီရန်ကနေ အီရတ်၊ အဲဒီကမှ တဆင့် လက်ဘနွန်ကို သယ်ဆောင်ခဲ့တယ်ဆိုတာကို ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။ သူတို့ဟာ လေကြောင်းပျံသန်းရေး အချက်အလက်တွေနဲ့ လူမှုကွန်ရက်က ဗီဒီယိုတွေကို တိုက်ဆိုက်စစ်ဆေးပြီး ရှာဖွေဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီလေကြောင်းလိုင်းရဲ့ ရောဂါဘယ ကင်းရှင်းရေး လုပ်ဆောင်မှု အားနည်းချက်တွေကိုလည်း ဝန်ထမ်းတွေစောဒက မတက်အောင် အုပ်ချုပ်ရေးပိုင်းက တားဆီးမှုတွေလုပ်ထားတာကိုလည်း တွေ့ရှိရပါတယ်။ ကိုမိုးမြင့်က ဆက်ပြီးပြောပြပေးမှာပါ။