ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှစ်ပတ်လည် ညီလာခံ စတင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှစ်ပတ်လည် ညီလာခံ စတင်

ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ နီးပါးက ကျန်းမာရေး ဝန်ကြီးတွေ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ နှစ်ပတ်လည် ကျင်းပတဲ့ ညီလာခံမှာ တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ၃၁၅၀၀၀ ထက်မနည်း ရှိနေပြီ ဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ တုံ့ပြန်ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြဖို့ ရှိပါတယ်။

တရုတ်ကို နိုင်ငံတချို့က သူတို့ဆီမှာ ကူးစက်မှုတွေ စဖြစ်စဉ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အချိန်မီ အကြောင်းမကြားခဲ့ဘူးဆိုပြီး ဝေဖန် ပြစ်တင်တာတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် ဘေဂျင်းကတော့ ဒါနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ အချိန်မတန်သေးကြောင်း ပြောပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။