အမေရိကန် မင်နီယာပိုလစ်မြို့က အဓိကရုဏ်း

အမေရိကန် မင်နီယာပိုလစ်မြို့က အဓိကရုဏ်း

အမေရိကန်နိုင်ငံ။ မင်နီယာပိုးလစ်မြို့မှာ လူမည်း အမျိုးသား ဂျော့ခ်ျ ဖလွိုက်ဒ် ဟာ ရဲတွေရဲ့ ဖမ်းချုပ် ထိန်းသိမ်းမှုအောက်မှာ သေဆုံးသွားရတဲ့ အတွက် ဆန္ဒပြမှုတွေဖြစ်ပေါ်နေပြီး အစိုးရ အဆောက်အဉီးအတော်များများလည်း မီးရှို့ဖျက်ဆီးခံထားရပါတယ်။ မင်နီယာပိုလစ်မြို့က ရဲစခန်းကိုလည်း မျက်နှာဖုံးဝတ်ဆင်ထားတဲ့ လူတစ်စုက မီးရှို့ဖျက်ဆီးခဲ့ပြီး လုယက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ မြို့တော်ဝန်အနေနဲ့ လူမည်းအမျိုးသား ဂျော့ခ်ျဖလွိုဒ် သေဆုံးမှုမှာ တာဝန်ရှိတဲ့ ရဲ ၄ယောက်ကို အရေးယူဖို့ညွှန်ကြားထားပေမယ့် ဆန္ဒပြမှုတွေကဆက်လက်ဖြစ်ပေါ်နေဆဲပါ။ ဒီအခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ရာနဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို စေလွှတ်ထားရပါတယ်။ အဲဒီက အခြေအနေတွေကို ကိုရင်မောင်က ဆက်ပြီးပြောပြပေးမှာပါ။ ဒီသတင်းမှာ စိတ်အနှောက်အယှက်ဖြစ်စရာပုံရိပ်တွေပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။